ဥပဒေပြုရေး၊ မူဝါဒချမှတ်ရေးတွေ အားကောင်းလာစေဖို့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေကို ဘယ်လိုထောက်ကူအားဖြည့်ပေးမလဲ

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဖြစ်တည်လာသော မြန်မာနိုင်ငံတော် ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလုပ်ငန်းစဉ်တွင်  တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍများစွာ အရေးပါ လျက်ရှိသည်။ ပါလီမန်စင်တာ (ကနေဒါ) နှင့် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ အားကောင်းရေးကို ၂၀၁၆ ခုနှစ်မှစတင်လျက် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိ ပါသည်။

ယင်း၏အကျိုးဆက်အနေဖြင့် ရှမ်းပြည်နယ်လွှတ်တော် သုတေသနနှင့် အချက်အလက်ပြုစုလေ့လာရေးအစီအစဉ် အောင်မြင်ခဲ့ပြီး မွန်၊ ကရင်၊ တနင်္သာရီလွှတ်တော်များအတွက်လည်း သုတေသနနှင့် အချက်အလက်ထိန်းသိမ်းရေးသင်တန်းနှင့် အတွေ့အကြုံဝေမျှမှုများ ပြုလုပ်ဆောင်ရွက် အောင်မြင်ခဲ့ပါသည်။

၎င်းအစီအစဉ်များအပြင် EMReF အနေဖြင့် ၂၀၁၁-၂၀၁၅ ပထမအကြိမ် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ၏ စွမ်းဆောင်ရည် လေ့လာသုံးသပ်မှုနှင့် ယခုဒုတိယအကြိမ် ၂၀၁၆-၂၀၂၀ လွှတ်တော်များ၏စွမ်းဆောင်ရည် လေ့လာသုံးသပ်မှု တို့ကို ဆောင်ရွက်ခဲ့ပါသည်။

ယင်းသုတေသနလေ့လာတွေ့ရှိချက်များနှင့် ပါလီမန်ဆိုင်ရာ အရည်အသွေးမြှင့်တင်ပေးရေး အစီအစဉ်များ၏ အတွေ့အကြုံများအပေါ် အခြေခံလျက် မြတ်သဲသစ္စာနှင့် Mr. Ivo Balinov တို့မှ ယခုလာမည့် အောက်တိုဘာ လ ၆ ရက်၊ မြန်မာစံတော်ချိန် ည ၈း၃၀ မှ ၉း၄၅ အထိ၊  ''ဥပဒေပြုရေး၊ မူဝါဒချမှတ်ရေးတွေ အားကောင်းလာစေဖို့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေကို ဘယ်လိုထောက်ကူအားဖြည့်ပေးမလဲ" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောဆိုမည်ဖြစ်ပါသည်။

မြတ်သဲသစ္စာမှာ EMReF မဟာဗျူဟာအကြံပေးနှင့် ဒါရိုက်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် တက္ကသိုလ်တွင် ပါရဂူဘွဲ့ကျမ်းပြစုနေသူ ဖြစ်ပါသည်။

Mr. Ivo Balinov မှာ ကနေဒါနိုင်ငံအခြေစိုက် ပါလီမန်စင်တာ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အစီအစဉ်တိုးတက်ရေးဌာန ဦးဆောင်ဒါရိုက်တာဖြစ်ပါသည်။

ယခုအအစီအစဉ်ကို ပါဝင်တက်ရောက်ရန်အတွက် အောက်ဖော်ပြပါ link ကို နှိပ်ပြီး စာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။

https://www.eventbrite.ca/e/how-to-equip-sub-national-parliaments-for-ev...

 

Event Location: 

Online Event

Event Date: 

6th October 2020