
လူသားတို့အကြောင်းကို လူသားပညာဖြင့် လူသားများနှင့် အနီးဆုံးသို့ရောက်စေရန် ရည်ရွယ်လျက် "အနုသုတေသန စကားဝိုင်း" ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုစကားဝိုင်းဆွေးနွေးပွဲကို လွှတ်တော်နှင့် လူထုဆိုင်ရာ ကမ္ဘာ့သုတေသနအသိုက်အဝန်း (GRNPP) ၏ အဖွဲ့ဝင်ဖြစ်သော ပညာအလင်းပွင့်မြန်မာ သုတေသနဖောင်ဒေးရှင်း (EMReF) မှ ဦးဆောင်စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစကားဝိုင်းတွင် စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ Performance Artist ဆရာမ Zoncy ၊ Kachinland Research Centre မှ ဆရာ Dan Seng Lawn နှင့် စံပြလူထုအခြေပြုအဖွဲ့မှ ဆရာမ မိချယ်ရီစိုးမွန်တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး Moderator အဖြစ် ဗြိတိသျှကောင်စီ (ရန်ကုန်) ၏ Head of Arts and Partnership ဖြစ်သူ ဆရာမ နွဲ့ကေခိုင်မှ ဆောင်ရွက်ပေးခဲ့ပါသည်။
