- “၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများအား ကိန်းဂဏန်းအချက်အလက်များဖြင့် နှိုင်းယှဉ်သုံးသပ်ခြင်း” ကို ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း၏ “၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အရေးပါ အချက်အလက်များ (၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ UEC ၏ ထုတ်ပြန်ချက်များ)” မှ အချက်အလက်များနှင့် ၂၀၂၀ ခုနှစ်၏ အောက်တိုဘာလ ၂၁ ရက်နေ့ အထိထုတ်ပြန်ခဲ့သော UEC ၏ ကြေညာချက်နှင့် အချက်အလက်များပေါ်အခြေခံ၍ စုစည်း တင်ပြထားခြင်းဖြစ်ပါသည်။
- UEC အနေဖြင့် ၂၀၁၅၊ အောက်တိုဘာလနှောင်းပိုင်းတွင် မကျင်းပနိုင်သည့်နယ်မြေများ ထပ်မံကြေညာသည်ကိုလည်း သိရှိရသဖြင့် အဆိုပါအချက်အလက်များအား ထပ်မံရှာဖွေ၍ ၂၀၂၀ အောက်တိုဘာနောက်ပိုင်း ရွေးကောက်ပွဲနယ်မြေများနှင့်ပတ်သက်သည့် ကြေညာချက်များ ထွက်ရှိဦးမည်ဆိုလျှင်လည်း နှိုင်းယှဉ်သုံးသပ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။ လတ်တလောတွင် မူလအရင်းအမြစ်ဖြစ်သည့် UEC ၏ ဝက်ဘ်ဆိုက် (https://www.uec.gov) ၌ ၂၀၁၅ နှင့်ပတ်သက်သည့် ကြေညာချက်များမတွေ့ရှိရပါသဖြင့် UEC ထံ ထပ်မံစုံစမ်းမေးမြန်းခြင်း၊ အချက်အ လက်တောင်းခံခြင်းများ ဆောင်ရွက်နေပါသည်။
- UEC ထံမှ အဆိုပါအချက်အလက်များ တိတိပပရရှိပါက ထပ်မံ၍ နှိုင်းယှဉ်သုံးသပ်မှု ပြုလုပ်ပေးသွားမည့်အကြောင်းကိုလည်း အသိပေးအပ်ပါသည်။