သြစတေးလျအမျိုးသားတက္ကသိုလ်၊ မြန်မာ့ရေးရာသုတေသနဌာန က ကျင်းပသည့် Myanmar Update 2019: Living With Myanmar  (မတ်လ ၁၅ -၁၆၊ ၂၀၁၉) စာတမ်းဖတ်ဆွေးနွေးပွဲတွင် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်းမှ ဒေါ်အေးလဲ့ထွန်း (စီမံကိန်းမန်နေဂျာ- ကျား၊မ ရေးရာ လုပ်ငန်းအစီအစဉ်) က  “Women’s rights to citizenship documentation” စာတမ်းဖတ်ကြားခဲ့ပြီး  ဒေါ်ငြိမ်းသီရိဆွေနှင့် ဦးဇော်မင်းဦး (အကြီးတန်းသုတေသနအရာရှိ- လွှတ်တော်ဆိုင်ရာသုတေသနနှင့်ပံ့ပိုးမှုစီမံကိန်း) တို့က  မြန်မာနိုင်ငံ တောင်ပိုင်း၊ ဒေသဆိုင်ရာလွှတ်တော်များဖြစ်သော (မွန်၊ ကရင်၊တနင်္သာရီ) ရွေးကောက်ခံကိုယ်စားလှယ်များနှင့်တပ်မတော်သားကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုဆိုင်ရာ စွမ်းဆောင်ရည်အား နှိုင်းယှဉ်လေ့လာသည့် “People Power or Political Pressure? Drivers of Representative Performance in Southern Sub-national Parliaments, Myanmar” စာတမ်းကို ဖတ်ကြားခဲ့ကြသည်။