
"လွှတ်တော်နှင့်လူထုဆိုင်ရာ ကမ္ဘာ့သုတေသနအသိုက်အဝန်း" သည် လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ် များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပြည်သူလူထုများအကြား ချိတ်ဆက်မှုတွင် တီထွင်ဆန်းသစ်မှုရှိပြီး ပညာရပ်နယ်ပယ်ပေါင်းစုံ သုတေသနများ ပြုလုပ်ရန်အတွက် ထောက်ပံ့ကူညီပေးသည့် ကွန်ရက်တစ်ခုဖြစ်ပါ သည်။ ဤအစီအစဉ်ကို The Arts and Humanities Research Council နှင့် Global Challenges Research Fund မှ ပံ့ပိုးပေးထားပြီး ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) ၊ Forum for Social Studies ၊ Hansard Society ၊ Jawaharlal Nehru University နှင့် Leeds University တို့မှ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ် ကာ လန်ဒန်တက္ကသိုလ် School of Oriental and African Studies (SOAS) မှ စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။
ထိုအစီအစဉ်မှ "သုတေသနလုပ်ငန်းများအတွက် ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ် မိတ်ဆက်ပွဲ" အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Famous Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ထောက်ပံ့ကြေးအစီအစဉ်အကြောင်းကို EMReF ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်မြတ်သက်သစ္စာမှ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့အပြင် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော လွိုင်ကော်မြို့မှ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မီဒီယာများနှင့် စိတ်ပါဝင်စားစွာ တက်ရောက်မေးမြန်းကြသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။
