
ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးအဆင့်ကျင်းပပြုလုပ်သည့် “တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံ” ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၇) ရက်နှင့် (၈) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန -၂ တွင် ကျင်းပြုလုပ်ခဲ့သည်။ ထိုညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် “မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး အခြေအနေဆိုင်ရာသုတေသန” ခေါင်းစဉ်အောက်တွင် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်မြတ်သက်သစ္စာမှ “လူ့အသိုက်အဝန်းတွင် ဒေသန္တရဆိုင်ရာ တရားမျှတမှု၏ ပကတိအခြေအနေ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
