ဤအစီစဉ်သည် မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများနှင့် သုတေသနလုပ်ငန်း အား စိတ်ပါဝင်စားသူများအားလုံးအတွက် ပါလီမန်ဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များဆိုင်ရာ သုတေသနလုပ်ငန်းများပြုလုပ်နိုင်ရန် ရည်ရွယ်၍ အသေးစားထောက်ပံ့ကြေး စတာလင်ပေါင် ၁၀၀၀ - ၅၀၀၀(မြန်မာငွေ ကျပ် ၁၈ သိန်း - သိန်း ၉၀ ခန့်) ပေးအပ်မည့် အစီအစဉ်ဖြစ်ပါသည်။

ယခုလျှောက်လွှာများကို “ပါလီမန်နှင့်လူထုဆိုင်ရာ ကမ္ဘာ့သုတေသနအသိုက်အဝန်း၏ ပါလီမန်နှင့် လူထုဆိုင်ရာ အစီအစဉ်” အောက်မှ ပြုလုပ်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာစေရေးအတွက် အချင်းအချင်း ဆက်သွယ်ဆောင်ရွက်ခြင်း၊ နားလည်မှုရှိအောင်ပြုလုပ်ခြင်း၊ လေ့လာသင်ယူခြင်း၊ ဖိအားပေးတိုက်တွန်းခြင်း စသည့်နည်းလမ်းများအားဖြင့် ဆောင်ရွက်နေကြသော ပညာရှင်များ၊ အနုပညာရှင်များ၊ တက်ကြွဦးဆောင် လှုပ်ရှားသူများ၏ အခန်းကဏ္ဍသည် အရေးပါသည်ဟု ပါလီမန်နှင့် လူထုဆိုင်ရာ ကမ္ဘာ့သုတေသနအသိုက်အဝန်း (GRNPP) က ယူဆပါသည်။

ယေဘုယျ ဦးတည်ချက် (၃) ခုဖြင့် သမိုင်း၊ ကျား-မ လူမှုရေးရာနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနတီထွင်ဆန်းသစ်မှုကို အားပေးလှုံ့ဆော်သွားရန် ရည်ရွယ်ပါသည်။

၁။ ကိုယ်စားပြုမှုဆိုင်ရာယဉ်ကျေးမှု
၂။ မငြိမ်သက်မှုနှင့် ဖယ်ကျဉ်မှုဆိုင်ရာ သမိုင်းကြောင်း
၃။ မီဒီယာနှင့် အနုပညာမှတဆင့် ဒီမိုကရေစီစနစ်ပိုမိုခိုင်မာအောင် ပုံဖော်ခြင်းများ

The Arts and Humanities Research Council and Global Challenges Research Fund မှ ပံ့ပိုးပေးပေးထားသည့် ဤအစီအစဉ်ကို ပါမောက္ခ Emma Crew မှဦးဆောင်မည်ဖြစ်ပြီး ပညာအလင်းပွင့်မြန်မာ သုတေသနဖောင်ဒေရှင်း (EMReF) ၊  Forum for Social Studies ၊ Hansard Society ၊ Jawaharlal Nehru University နှင့် Leeds University တို့မှ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကာ လန်ဒန်တက္ကသိုလ် School of Oriental and African Studies မှ စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။

မည်သူလျှောက်ထားနိုင်မည်နည်း။
အနုပညာနှင့် ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာနယ်ပယ်တွင် လှုပ်ရှားဆောင်ရွက်နေကြသော အနုပညာရှင်များ၊ သုတေသီများ၊ ပညာရှင်များအားလုံးကို လျှောက်ထားရန် ဖိတ်ခေါ်ပါသည်။ အဓိကလျှောက်ထားသူသည် အီသီယိုးပီးယား (သို့မဟုတ်) မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းသူနှင့် အိမ်အဖြစ်သဘောထားနေထိုင်သူ ဖြစ်ရမည်။ ထောက်ပံ့မှုဆိုင်ရာအခွင့်အရေး ရရှိမှုနည်းပါးသူများကို လျှောက်ထားစေချင်ပါသည်။

မည်သို့လျှောက်ထားရမည်နည်း။
အသေးစိတ်အချက်အလက်များကို http://parliaments4people.com/grants/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး သုတေသနအသိုက်အဝန်းအကြောင်းနှင့် ထောက်ပံ့ကြေးများအကြောင်း အသေးစိတ်သိရှိလိုပါက [email protected] သို့ အီးမေးလ်ပေးပို့ မေးမြန်းနိုင်ပါသည်။

လာမည့် မတ်လ ၂၀၁၈ ခုနှစ်တွင် အလတ်စားနှင့် အကြီးစားထောက်ပံ့ကြေးအစီအစဉ်များကို ထပ်မံ့ကြေညာပေးရန် ပြင်ဆင်နေသည့်အတွက် သတင်းအချက်အလက်များ မျက်ခြည်မပြတ်စေရန် http://parliaments4 people.com သို့ လာရောက်ကာ မှတ်ပုံတင်ထားပြီး သတင်းလွှာများရယူခြင်းနှင့် တွစ်တာလိပ်စာ @GRNPP1 တွင် Follow လုပ်ထားခြင်းများ ပြုလုပ်နိုင်ပါသည်။