သုတေသနနှင့် မူဝါဒရေးရာဆွေးနွေးပွဲ မြန်မာနိုင်ငံအတွင်းရှိ ရပ်ရွာအဆင့်တရားမျှတမှု

Ever Just နှင့် My Justice တို့ပူးပေါင်းစီစဉ်သည့် မြန်မာနိုင်ငံအတွင်းရှိ ရပ်ရွာအဆင့် တရားမျှတမူလက်လှမ်းမီရေးနှင့်သက်ဆိုင်သော သုတေသနနှင့် မူဝါဒရေးရာဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ ဆီဒိုးနားဟိုတယ် မင်းတုန်းခန်းမတွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည့်အတွက် မိတ်ဆွေတို့အား အဆိုပါ ဆွေးနွေးပွဲအား တက်ရောက်ပေး ပါရန် ဖိတ်ကြားအပ်ပါသည်။

ယခုဆွေးနွေးပွဲတွင် Ever Just နှင့် My Justice စီမံကိန်းများက ပြုလုပ်ထားသည် ရပ်ရွာအဆင့် တရားမျှတမူလက်လှမ်းမီရေး သုတေသနတွေ့ရှိချက်များကို လေ့လာသိရှိနိုင် မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်ပါသည်။ တရားမျှတမူလက်လှမ်းမီရေး နှင့် တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေသော အရပ်ဘက်လူမူအဖွဲ့အစည်းများ၊ ပြည်နယ် အဆင့်လွှတ်တော်များနှင့် ပူးစပ်ညှိနှိုင်းရေးအဖွဲ့အစည်းများ အတွက် ရပ်ရွာအဆင့် တရားမျှတမူလက်လှမ်းမီရေးနှင့် တရားမျှတမူလက်လှမ်းမီရေးအား လွှမ်းမိုးနိုင်သော အချက်များကိုဆွေးနွေးရန် အခွင့်အရေးလည်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ တရားမျှတမူကို ရှာဖွေသည့်နည်းလမ်းများကို သိရှိနားလည်ပြီး လူထု၏လိုအပ်ချက်ကို ပိုမိုထိရောက်စွာ ကူညီနိုင်ရန်အတွက် သုတေသနတွေ့ရှိချက်များသည် မူဝါဒနှင့်စီမံကိန်းအကြား မည်သို့အထောက်အကူဖြစ်စေသည်ကို သေချာစွာ သိရှိစေရန်ဖြစ်သည်။

ဤဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ဆက်နွယ်မူရှိသည့် အခြားခေါင်းစဉ်များကို ဆွေးနွေးမည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မွန်နှင့်ကရင် ပြည်နယ်များမှ တရားမျှတမူလက်လှမ်းမီရေးဆိုင်ရာ တွေ့ရှိချက်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏အရေးကြီးသော တရားမျှတမူလက်လှမ်းမီရေး နှင့်ပတ်သက်သောအချက်ကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာ – အင်္ဂလိပ်နှစ်ဘာသာကို တိုက်ရိုက် ဘာသာပြန်ပေးသွားမည်ဖြစ်ပြီး နေ့လည်စာလည်း စီစဉ်ပေးထားမည်ဖြစ်သည်။

Ever Just နှင့် My Justice တို့ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့မှ အဆိုပါဆွေးနွေးပွဲ တက်ရောက်လာသူများအတွက် သွားလာနေထိုင်စရိတ်နှင့် ကုန်ကျစရိတ်များကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

Event Location: 

ဆီဒိုးနားဟိုတယ်(ရန်ကုန်)

Event Date: 

24th November 2017