ပါလီမန်နှင့်လူထုဆိုင်ရာ ကမ္ဘာ့သုတေသနအသိုက်အဝန်း (GRNPP) ၏ ပံ့ပိုးကူညီမှုဖြင့် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF) သည် GRNPP မှ ပေးအပ်သည့် သုတေသနလုပ်ငန်းများအတွက် ထောက်ပံ့ကြေးပေးအပ်မှုရရှိထားသည့် အဖွဲ့အစည်းများ၊ ထောက်ပံ့ကြေးလျှောက်ထားကြသူများနှင့် သုတေသနလုပ်ငန်းကို စိတ်ပါဝင်စားပြီး ထောက်ပံ့ကြေးလျှောက်ထားရန် စိတ်ပါဝင်စားသူများအား “အခြေခံသုတေသနနည်းနာသင်တန်း” ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၂၁) ရက်နေ့အထိ ရန်ကုန်မြို့၊ ibis Styles Yangon Stadium Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းပထမရက်တွင် သုတေသနနည်းနာများသာမက GRNPP ၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခ အမ်မာခရူးမှ ထောက်ပံ့ကြေးလျှောက်ထားရာတွင် အရေးကြီးအသုံးဝင်သည့် သတင်းအချက်အလက်များအကြောင်းနှင့် Concept of Humanities အကြောင်းများကို ဟောပြောခဲ့သည်။ ထိုသင်တန်းတွင် စာတွေ့သာမက EMReF မှ အကြီးတန်းသုတေသီများနှင့်အတူ လှိုင်သာယာမြို့နယ်အတွင်း တစ်ရက်တာ လက်တွေ့ကွင်းဆင်းလေ့လာမှုလည်း ပြုလုပ်ခဲ့ပါသည်။