
EMReF ၏ အဓိကရည်မှန်းချက်များထဲမှတစ်ခုဖြစ်သော "အမှီအခိုကင်းပြီး ကျင့်ဝတ်စောင့်စည်းသည့် သုတေသနယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာစေရေးအတွက် အထောက်အကူပြုရန်" ရည်ရွယ်၍ အခြေခံသုတေသနနည်းနာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ယခုအခါတွင်လည်း EMReF သည် မြန်မာနိုင်ငံ၏ အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရုဏာ လူမှုစည်းလုံး ညီညွတ်ရေးအဖွဲ့ (Karuna Mission Social Solidarity- KMSS) မှ အရည်အသွေးပြည့်ဝသော အနာဂတ် ခေါင်းဆောင်များမွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဦးဆောင်ပြုလုပ်သော “Future Leader and Manager – Empowerment Training” သင်တန်း အပတ်စဉ် (၄) မှ သင်တန်းသားများကို အခြေခံသုတေသနဘာသာရပ်ကို သင်ကြား ပို့ချပေးခဲ့ပါသည်။ သုတေသန၏အခြေခံမှစတင်ကာ အဆင့်ဆင့် သင်ကြားပေးပြီး သင်တန်းပြီးဆုံးချိန်တွင် သုတေသနစာတမ်းတစ်စောင် ပြုစုရေသားနိုင်သည်အထိ သင်ကြားပေးခဲ့ခြင်းဖြစ်ကာ သင်တန်းကာလမှာ သြဂုတ်လ ၆ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ( ၂၆) ရက် ကြာမြင့်မည်ဖြစ်ပါသည်။ ပို့ချပေးသော ဘာသာရပ်များမှာ -
- What is research?
- Qualitative Research Method and Data Collection Tools
- Quantitative Research Method and Sampling
- Concepts of Qualitative and Quantitative
- Research Design
- Research Ethics
- Literature Review
- Concept of Gender
- Field Practical at Taungdwingyi Tsp
- Quantitative Data Processing and Data Entry
- Quantitative Data Analysis with Excel
- Concept of Qualitative Data Analysis
- Report Writing တို့ဖြစ်ပါသည်။
(ဓာတ်ပုံ-KMSS)
