
ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း (Enlightened Myanmar Research Foundation - EMReF) သည် မြန်မာနိုင်ငံတွင် သုတေသနယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရန်အတွက် ဆောင်ရွက်နေသော အစိုးရမဟုတ်သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဤအဖွဲ့အစည်းသည် နိုင်ငံရေး၊ လူမှု-စီးပွားရေးနှင့် ကျား-မရေးရာသုတေသနများစွာကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများအပြင် အခြားပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်နည်းတူ လူမှုရေးသုတေသနသင်တန်းများစွာကိုလည်း ပို့ချပေးလျက်ရှိပါသည်။
ယခုအခါ EMReF သည် လူမှုရေးသုတေသနဆိုင်ရာပညာသင်ဆု (Stipend Program) ကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(၁) အရည်အသွေးပြည့်မီပြီး ကျင့်ဝတ်သိက္ခာနှင့်ပြည်စုံသော လူမှုရေးသုတေသီများအဖြစ် လေ့ကျင့်သင်ကြားပေးရန်၊
(၂) မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံး၊ အထူးသဖြင့် မြန်မာစာကို မိခင်ဘာသာစကားအဖြစ် အသုံးမပြုသော တိုင်းရင်းသား မျိုးနွယ်စုများအားလုံးအား အရည်အသွေးပြည့်မီပြီး ကျင့်ဝတ်သိက္ခာနှင့်ပြည်စုံသော လူမှုရေးသုတေသီများအဖြစ် လေ့ကျင့်သင်ကြား ပေးရန်၊
(၃) ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း၏ သုတေသနအရည်အသွေးကို ထိန်းသိမ်းထားရန်နှင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်။
EMReF မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးသုတေသနပညာသင်ဆု (Stipend) ဆိုသည်မှာ Stipend ရရှိသူများအား အခြေခံသုတေသနနည်းနာသင်တန်းနှင့် ထိုသင်တန်း၏ နောက်ဆက်တွဲ သုတေသနဆိုင်ရာ Coaching Training များကို ပေးအပ်သွား မည်ဖြစ်ပါသည်။ ထို သင်တန်းနှစ်ခုစလုံးအတွက် သင်တန်းကာလကို (၂) လ သတ်မှတ်ထားပါသည်။
အခြေခံသုတေသနနည်းနာသင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များ-
- Concept of Research (သုတေသန၏ သဘောတရား)
- Concept of Gender (ကျား-မရေးရာ သဘောတရား)
- Introduction of Qualitative and Quantitative Research
- (အရည်အသွေးစံထားသုတေသနနှင့် အရေအတွက် စံထားသုတေသန မိတ်ဆက်)
- Research Process and Design (သုတေသန ဒီဇိုင်း)
- Qualitative Data Collection Tools (အရည်အသွေးစံထားနည်းနာဖြင့် အချက်အလက်ကောက်ယူခြင်းနည်းလမ်းများ)
- Research Ethics (သုတေသီ ကျင့်ဝတ်)
- Practical Field Data Collection (ရန်ကုန်မြို့တွင်း ကွင်းဆင်းသုတေသန)
- Qualitative Data Analysis (အရည်အသွေးစံထားနည်းဖြင့် အချက်အလက်များကို လေ့လာသုံးသပ်ခြင်း)
- Quantitative Data Analysis (အရည်အတွက်စံထားနည်းဖြင့် အချက်အလက်များကို လေ့လာသုံးသပ်ခြင်း)
- Research Report Writing (သုတေသနအစီရင်ခံစာရေးသားခြင်း)
သုတေသနဆိုင်ရာ Coaching Training ဆိုသည်မှာ သက်ဆိုင်ရာသုတေသနခေါင်းစဉ် တစ်ရပ်ရပ်ပေါ်မူတည်၍ EMReF မှ အတွေ့အကြုံ ရှိသော အကြီးတန်းသုတေသီများ၏ လမ်းညွှန်မှုအောက်တွင် ထပ်မံလေ့ကျင့်သင်ကြားပေးခြင်းကို ဆိုလိုသည်။
သုတေသန Stipend ရရှိသူများသည် EMReF မှ ပို့ချသည့် သင်တန်းများအပြင် အောက်ဖော်ပြပါ ''ခံစားခွင့်များ"" ကိုလည်း ရရှိမည် ဖြစ်သည်။
(၁) သင်တန်းတက်နေစဉ်ကာလအတွင်း နေစရိတ်၊ စားစရိတ်ကိုအထောက်အပံ့ဖြစ်စေရန် တစ်လလျှင် မြန်မာကျပ်ငွေ ၂၀၀,၀၀၀ (နှစ်သိန်းကျပ်တိတိ)ကို ခံစားခွင့်ရရှိစေခြင်း၊ မှတ်ချက်။ သင်တန်းကာလအတွင်း အသေးစားစီမံကိန်းတစ်ခုပြုလုပ်ရန် လိုအပ်ပါသည်။ အဆိုပါစီမံကိန်းအတွက် ရန်ကုန်မြို့နှင့် ရန်ကုန်မြို့အနီးတဝိုက်တွင် အချက်အလက်ကောက်ယူရန်အတွက် သွားလာစရိတ်များကို ယခုခံစားခွင့်ပေးအပ်ထားသည့် နှစ်သိန်းကျပ်အတွင်းမှ အသုံးပြုရမည်ဖြစ်ပါသည်။
(၂) ရန်ကုန်မြို့ပြင်ပ နယ်ဝေးမှလာသူဖြစ်လျှင် သင်တန်းတက်နေစဉ်ကာလအတွင်း အသွားအပြန်ခရီးစရိတ်ကို တစ်ကြိမ်ပံ့ပိုးပေးခြင်း၊ (မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် နယ်ပြန်လျှင် ခရီးစရိတ်ထောက်ပံ့မှုရှိမည်မဟုတ်ပါ။)
(၃) သင်တန်းကာလတစ်လျှောက်တွင် ထူးချွန်သူ (၃) ဦးကိုရွေးချယ်၍ EMReF မှ အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ပါဝင် လုပ်ကိုင်ခွင့်ရရှိခြင်း။
လူမှုရေးသုတေသနပညာသင်ဆုလျှောက်ထားရာတွင် ရှိရမည့်အရည်အချင်းများ
(၁) မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းသူ ဖြစ်ရမည်။
(၂) တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ (ခြွင်းချက်။ ဘွဲ့ရရှိထားသူမဟုတ်သော်လည်း သင်ကြားပို့ချမည့် လူမှုရေး သုတေသနဆိုင်ရာနှင့်ကိုက်ညီသော အတွေးအခေါ်နှင့် ပညာအရည်အချင်းရှိသည်ဟု ထင်မြင်ယူဆစစ်ဆေးတွေ့ရှိပါက Stipend ပေးအပ်ရန်အတွက် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။)
(၃) Stipend လျှောက်ထားသူများသည် EMReF မှ စီစဉ်သော လူတွေ့စစ်ဆေးခြင်းနှင့် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ (English Proficiency Test) ကို ဝင်ရောက်ဖြေဆို အောင်မြင်ရမည်။ (လွန်ခဲ့သော ၆ လက IELTS ရမှတ် ၅.၅ ဖြေဆိုရရှိထားသူများသည် အသိအမှတ်ပြုလက်မှတ်ဖြင့် ပူးတွဲလျှောက်ထားပါက Test ဝင်ရောက် ဖြေဆိုရန်မလိုအပ်ပါ။ သို့သော် လူတွေ့စစ်ဆေးခြင်းကို ပါဝင်ဖြေဆိုရမည်။)
သင်တန်းကာလ
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်မှ နိုဝင်ဘာလ (၃) ရက်ထိ
သင်တန်းချိန်
မနက် (၉း၃၀) မှ ညနေ (၅း၃၀)
သင်တန်းတည်နေရာ
တိုက် (၃)၊ အခန်း (အေ-၃၀၅)၊ သစ္စာဥယျာဉ်အိမ်ရာ၊ ၃ လမ်း၊ ၈ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Stipend လျှောက်ထားလိုသူများသည် ဓာတ်ပုံ (၁) ပုံ၊ အင်္ဂလိပ်စာဖြင့် ရေးသားပြင်ဆင်ထားသော CV နှင့် Cover Letter ကို EMReF ၏ စီမံနှင့်ဝန်ထမ်းရေးရာအကြီးတန်းအရာရှိ၊ [email protected] ထံသို့ (၁၂.၈.၂၀၁၈) ထက်နောက်မကျစေဘဲ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်သည်။