Basic Research Methodology Training

သုတေသနပညာရပ်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတွင်လည်းကောင်း၊ အဆင့်မြင့်ပညာရပ်များ သင်ယူခြင်းတွင်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ စီမံကိန်းများဖော်ဆောင်ရာ တွင်လည်းကောင်း၊ နိုင်ငံတော်၏ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်းနှင့် စီစစ်လေ့လာ အကဲဖြတ်ရာတွင်လည်းကောင်း စသည့်ကိစ္စရပ်အမျိုးမျိုးတွင် မရှိမဖြစ် အသုံးချရသော ပညာရပ်တစ်ခု ဖြစ်ပါသည်။ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံအတွက် သုတေသနနည်းပညာအား တတ်သိနားလည်သော လူစွမ်းအားအရင်းအမြစ်များကို လိုအပ်လျက်ရှိပါသည်။ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ EMReF သည် အခြေခံသုတေသနနည်းနာသင်တန်း ဖွင့်လှစ်မည် ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် အောက်ပါ အကြောင်းအရာများကို သင်ကြားပို့ချမည် ဖြစ်ပါသည်။

  • Concept of Research  (သုတေသန၏ သဘောတရား)               
  • Introduction of Qualitative and Quantitative Research  (အရည်အသွေးစံထားသုတေသနနှင့် အရေအတွက် စံထားသုတေသန မိတ်ဆက်)
  • Research Design (သုတေသန ဒီဇိုင်း)
  • Qualitative Data Collection Methods

 (အရည်အသွေးစံထားနည်းနာဖြင့် အချက်အလက်ကောက်ယူခြင်းနည်းလမ်းများ)

  • Research Documentation  (သုတေသန အချက်အလက်များကို မှတ်တမ်းတင်ခြင်း)
  • Research Ethics  (သုတေသီ ကျင့်ဝတ်)
  • Practical Field Data Collection (ရန်ကုန်မြို့တွင်း ကွင်းဆင်းသုတေသန)
  • Qualitative Data Analysis

(အရည်အသွေးစံထားနည်းဖြင့် အချက်အလက်များကို လေ့လာသုံးသပ်ခြင်း)

  • Writing a Research Report  (သုတေသနအစီရင်ခံစာရေးသားခြင်း)

သင်တန်းဖွင့်လှစ်မည့်ရက်                       - ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်

သင်တန်းအပ်စတင်လက်ခံမည့်ရက်         - ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်

သင်တန်းချိန်                                         - မနက် (၉း၃၀) နာရီမှ ညနေ (၅း၀၀) နာရီ

သင်တန်းကာလ                                     - ၇ ရက် (ကွင်းဆင်းလေ့လာမှုအပါအဝင်)

စာရွက်စာတမ်းကြေး                              - ၄၅,၀၀၀ ကျပ်

**ယခုသင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း စွမ်းဆောင်ရည်ကောင်းသူများ၊ လက်တွေ့သုတေသန ဆောင်ရွက်ရန် စိတ်ဝင်စားသူများအား ရွေးချယ်၍ EMReF ၏ သုတေသနလုပ်ငန်းစဉ်များတွင် ခန့်အပ်တာဝန်ပေးသွားရန် အစီအစဉ်ရှိပါသည်။**

**သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် အမြန်ဆုံး လျှောက်ထားကြပါရန်

သင်တန်းလျှောက်ထားရန်- လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက   EMReF ရုံးလိပ်စာ - တိုက် (၃)၊ အခန်း (အေ-၃၀၅)၊ သစ္စာဥယျာဉ်အိမ်ရာ၊ စက်မှုဇုံ(၃)လမ်း၊ (၈)ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး သို့လည်းကောင်း၊ Email ဖြင့်လျှောက်ထားလိုပါက [email protected] သို့ပေးပို့လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုပါက 01-8562439, 09-420083459 (သင်တန်းတာဝန်ခံ) သို့ (ရုံးချိန်အတွင်း) ဆက်သွယ် မေးမြန်းနိုင်ပါသည်။

သင်တန်းလျှောက်ထားရာတွင ဓာတ်ပုံ (၁)ပုံ၊ CV နှင့် သင်တန်းလျှောက်ထားရသည့်အကြောင်းအရင်းပါဝင်သည့် စာတစ်စောင်တို့အား ပူးတွဲထည့်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်။

Event Location: 

EMReF Office

Event Date: 

19th September 2016

Latest Publications